ဤ User Agreement သည် သင်နှင့် www.ypay.com.mm ကြားချုပ်ဆိုသော စာချုပ်ဖြစ်သည်။ ၄င်းမှာ
Y-Pay Payment ဝန်ဆောင်မှု (Y-Pay နှင့်သက်ဆိုင်သော မည်သည့် products နှင့် ဝန်ဆောင်မှုမျိုးမဆို)
အသုံးပြုခြင်းအတွက် ဖြစ်သည်။ ဤ သဘောတူညီမှုသည် သင်၏အခွင့်အရေးများကို အကျိုးသက်ရောက်မှု
ရှိသဖြင့် သင်အနေဖြင့် ဂရုတစိုက်ဖတ်ရှု့ရန် လိုအပ်ပေသည်။ ကျွန်ုပ်တို့မှ ဤ Agreement
ကို ပုံနှိပ်ထားရန် သို့ သင့် computer hard drive ထဲတွင် ကိုးကားရန်အတွက် ကူးယူထားရန်
တိုက်တွန်းပါသည်။ ထပ်ဆင့် အချက်အလက်များနှင့် ၎င်းတို့၏ အလုပ်လုပ်ပုံတို့ကို သိရှိလိုပါက
www.ypay.com.mm နှင့် ဆက်သွယ်စုံစမ်းနိုင်သည်။ Agreement ထဲမှ “သင်” (သို့) “သင်၏”
ဆိုသည်မှာ ဝန်ဆောင်မှု ပေးခြင်းခံရသော သူကိုဆိုလိုသည်။ “Y-Pay”,” ကျွန်ုပ်” သို့ “ကျွန်ုပ်တို့၏”
ဆိုသည်မှာ www.ypay.com.mm နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ဒါရိုက်တာများ၊ အရာရှိများ၊
ဝန်ထမ်းများ၊ကိုယ်စားလှယ်များနှင့် ကန်ထရိုက်တာများကို ရည်ညွန်းပါသည်။
“I Agree”,”I Accept” တို့ကို နှိပ်လိုက်ခြင်း(သို့) ဝန်ဆောင်မှုအတွက် Payment information
ကို လက်ခံလိုက်ခြင်းသည် ဤသဘောတူညီချက်၏ အချိန်ကာလနှင့် အခြေအနေများ၊ the Y-Pay Privacy
Policy နှင့် အခြား ကိုးကားချက်များဖြင့် စုစည်းထားသော စာရွက်စာတမ်းများကို သင်မှ သဘောတူလိုက်ခြင်းပင်
ဖြစ်သည်။ သင့်အနေနှင့် ဤ User Agreement သည် သင်နှင့် Y-Pay အကြား ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆိုထားကြောင်း
လက်ခံလိုက်ခြင်းဖြစ်သည်။ ဤ Agreement သည် သင် တရားဝင်လက်မှတ်ရေးထိုးထားသော သဘောတူညီချက်လည်းဖြစ်သည်။
ဤ Agreement နှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဖော်ပြချက်များကို Y-Pay Website
တွင်ကြိုတင်၍ ဖော်ပြထားမည်ဖြစ်သည်။ Y-Pay Website ပေါ်တွင် ပြန်လည်ပြင်ဆင်ထားသော User
Agreement ကို ထားရှိခြင်းအားဖြင့် Y-Pay မှ ပြောင်းလဲမှုများကို ပြုလုပ်နိုင်သည်။
Y-PAY နှင့်သင့်အကြား ဥပဒေဆိုင်ရာ ဆက်နွယ်ပတ်သတ်မှု။
ဝန်ဆောင်မှုများအတွက် မှတ်ပုံတင်ထားခြင်းသည် သင့်အနေဖြင့် Y-Pay အား ဤ Agreement ကာလအတွင်း
သင်၏ညွှန်းကြားချက်ဖြင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို သင်၏ ကိုယ်စားလှယ်အဖြစ်ဖြင့်
ဆောင်ရွက်ရန် သင်မှ သတ်မှတ်ထားသည်ဟု ဆိုလိုပါသည်။ Y-Pay ၏ မပြုလုပ်သင့်သည်များကို ရည်ရွယ်ချက်နှင့်
ပြုလုပ်ခြင်း (သို့) သိသာထင်ရှားစွာ လျစ်လျူရှုခြင်းတို့မှ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများနှင့်
ပတ်သက်၍ Y-Pay မှ တာဝန်ယူလိမ့်မည် မဟုတ်ပေ။ သင်အနေဖြင့် (i) Y-Pay သည် ဘဏ်တစ်ခုမဟုတ်ပဲ
ဝန်ဆောင်မှုမှာလဲ ဘဏ်ဝန်ဆောင်မှုမဟုတ်ပဲ ငွေပေးချေခြင်းဆိုင်ရာ ဝန်ဆောင်မှုသာဖြစ်သည် (ii)
PB သည် သင်၏ငွေကြေးများအတွက် ဘဏ္ဍာထိန်းအဖြစ်ဆောင်ရွက် ပေးခြင်းမဟုတ်ပဲ သင်၏ ငွေပေးချေခြင်းဆိုင်ရာ
ကိုယ်စားလှယ် အဖြစ်သာ လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။
1. အသုံးပြုသူ၏ လုပ်ငန်းစဉ်တာဝန်များ
ဝန်ဆောင်မှုရရှိရန် သင်သည် Y-Pay account တွင် မှတ်ပုံတင်ရပေမည်။ သင်သည် ဝန်ဆောင်မှုကို
Bank Account ဖြင့် ငွေပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ငွေများရရှိခြင်း(သို့)
ဈေးဝယ်ယူခြင်း၊၀န်ဆောင်မှု အတွက်ငွေပေးချေခြင်းတို့ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။
သင်၏ Password ဖြင့်သုံးသော မည်သည့် လုပ်ငန်းစဉ်မဆို ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြစ်ကြောင်း
လက်ခံရပေမည်။ သင်၏ account နှင့် password ကိုသုံးသော လုပ်ငန်းစဉ်များ အားလုံးတွင်
ဖြစ်ပေါ်လာသော ပျက်ဆီးဆုံးရှုံးမှုများသည် ၎င်းတို့မှာသင်၌သာ တာဝန်ရှိပေသည်။ လျော်ကြေးကို
ကျွန်ုပ်တို့ထံမှ မတောင်းခံ နိုင်ပေ။
2. Registration Information
သင်မှ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို မှတ်ပုံတင်ရာတွင် ပေးရမည်ဖြစ်ပြီး
ပြင်ဆင်စရာများရှိပါက ချက်ချင်းပြင်ဆင်ရပေမည်။ သင်အနေဖြင့် အခြားတစ်ယောက်ကဲ့သို့ အယောင်ဆောင်ခြင်း
(သို့) ခွင့်ပြုချက်မရဘဲ အခြားအမည်အား အသုံးပြုခြင်းတို့ကို မပြုရန် သဘောတူရမည်ဖြစ်သည်။အကယ်၍
သင်ပေးသော သတင်းအချက်အလက်များထဲမှ မတိကျသော၊ မပြည့်စုံသော၊ မမှန်ကန်သော အချက်များတွေ့ရှိပါက
Y-Pay အနေဖြင့် ဝန်ဆောင်မှုအသုံးပြုခြင်းအား ချက်ချင်းဖျက်သိမ်းနိုင်သော အခွင့်အရေးရှိသည်။
မတိကျ၊မသေချာသော သတင်းအချက် အလက်များကြောင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း
ဖြစ်ပေါ်လာသောရလဒ် ကုန်ကျစရိတ်များ (သို့) မည်သည့် ဆုံးရှုံးမှုများကိုမဆို သင့်ထံမှ
ပြန်လည်ရယူနိုင်သည်။
3.ဝန်ဆောင်ခများ။
ဝန်ဆောင်မှုအတွက် Y-Pay ၏ ယခုလက်ရှိ ကျသင့်သော နှုန်းထားများ (Current fee Schedule)
ကို website ပေါ်တွင် တင်ထားပါသည်။ အသုံးပြုသူများသည် ၎င်းတို့၏ Y-Pay Account နှင့် ပတ်သက်သော
အခကြေးငွေ ပေးဆောင်ခြင်းနှင့် ငွေကြေးများ ထပ်ဖြည့်ခြင်း နှင့် ထုတ်ယူခြင်းတို့တွင်
ဘဏ်များသို့ ကျသင့်သော ဝန်ဆောင်ခများကို တာဝန်ယူပေးဆောင်ရမည် ဖြစ်သည်။
4.တားမြစ်ထားသော လုပ်ငန်းစဉ်များ။
သင်သည် တရားမဝင်ရရှိသော ငွေများ ( ကြားခံလူ၏ ရပိုင်ခွင့်ကို ချိုးဖောက်ခြင်းအပါအဝင်
) ကို လက်ခံရာတွင် Y-Pay ကို အသုံးပြုခြင်း မပြုရန် သဘောတူထားရမည်။ တရားဥပဒေနှင့် မညီညွှတ်သော
လုပ်ဆောင်ချက်များအတွက် ဝန်ဆောင်မှု ၊ Y-Pay website (သို့) မည်သည့် ဖော်ပြထားသော ဝန်ဆောင်မှုမျိုး
ကိုမဆို အသုံးပြုနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤ agreement ထဲမှ စည်းကမ်းချက်များကို
ချိုးဖောက်ခြင်းအပါအဝင် ဥပဒေနှင့် မညီညွတ်သော၊ လိမ်လည်လှည့်ဖျားမှုများ လုပ်ဆောင်နေသည်(သို့)
လုပ်ဆောင်ခဲ့သည်ဟု Y-Pay မှ သံသယဖြစ်စရာ ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဝန်ဆောင်မှုကို အသုံးပြုခြင်းအား
ခေတ္တရပ်စဲထားခြင်း (သို့)ဖျက်သိမ်းခြင်းများ ခံရလိမ့်မည်။ထိုအခါ သင့်အနေနှင့် သင်၏ဘဏ်စာရင်းမှ
လက်ကျန်ငွေများကို ထုတ်ယူခြင်းလည်း မပြုလုပ်နိုင်ပေ။ သင်သည် Y-Pay နှင့်အတူ သံသယရှိသော
ကိစ္စရပ်များ စုံစမ်းရာတွင် အပြည့်အဝ ပူးပေါင်းပါဝင်ရလိမ့်မည်။ Y-Pay အသုံးပြုသူ (သို့)
Y-Pay ၏ တာဝန်ရှိသူအဖြစ် အယောင်ဆောင်ခြင်းမပြုရန်(သို့) Y-Pay ၏ customer များဆီမှ
၎င်း တို့၏ account ကိုအသုံးပြုနိုင်သော password (သို့) အခြားအချက်များကို တောင်းဆိုခြင်း
မပြုရန် သဘောတူရပါမည်။
5.Electronic Communications
သင်၏ account နှင့် သင်၏ ဝန်ဆောင်မှုကို အသုံးပြုခြင်း (“communications”) နှင့် ပတ်သက်၍
ဤ Agreement နှင့် အခြား Agreement များသည် ဥပဒေဘောင်အတွင်းမှ သင့်အား Electronic ဆိုင်ရာတွင်
ထောက်ပံ့မှုများ ပေးပေမည်။ သင်မှ Electronic ဆိုင်ရာတွင် Y-Pay မှ ဆက်သွယ်ရေးနည်းလမ်းများအားလုံးကို
ရယူရန် သဘောတူရမည်။ Electronic ဆက်သွယ်ရေးနည်လမ်းများကို Y-Pay website ၏ စာမျက်နှာများပေါ်တွင်
တင်ထားခြင်း(သို့)သင်၏ e-mail သို့ ပေးပို့ခြင်းများ ပြုလုပ်လိမ့်မည်။ သင်သည် မည်သည့်
ဆက်သွယ်မှုမျိုးကိုမဆို မိတ္တူကူးယူကာ မှတ်တမ်းတင်ထားရမည်။ ပေးပို့သည့်ရက်စွဲမှ အလုပ်ရက်
(၅) ရက်ထက်နောက်မကျသေးသော မည်သည့် Electronic (သို့) paper format ကိုမဆို (သင်မှရရှိသည်ဖြစ်စေ၊
မရရှိသည်ဖြစ်စေ) "Writing” ဟု မှတ်ယူမည်ဖြစ်သည်။သင်၏ Electronic နှင့်ဆိုင်သော ဆက်သွယ်ရေးနည်းလမ်းများ
အသုံးပြုရန် သဘောတူညီမှုသည် customer service သို့ ဖုန်းဆက်ခြင်းဖြင့်လည်းကောင်း၊ ဤ
ပုံစံကို အသုံးပြု၍ သင်၏ဆုံးဖြတ်ချက်ကို Y-Pay သို့ အသိပေးခြင်း ဖြင့်လည်းကောင်း သင်၏သဘောတူညီချက်ကို
ပယ်ဖျက်သည့်အချိန်အထိ အကျုံးဝင်နေမည်ဖြစ်သည်။ ဤသို့ သင်ဖျက်သိမ်းလိုက်ပါက Y-Pay မှ
ဝန်ဆောင်မှုအသုံးပြုခြင်းအား ရပ်ဆိုင်းလိုက်မည် ဖြစ်သည်။
6.Correct E-mail
သင်သည် Internet နှင့် လက်ရှိ မိမိ e-mail လိပ်စာ သုံးခြင်းအား အာမခံရန် သဘောတူရပေမည်။
Y-PAY သည် သင်ပေးသော အချက်အလက်များကို အခြေခံ၍ သင့်လျော်သော နည်းလမ်းများကို သုံး၍
သင်နှင့် ဆက်သွယ်မည် ဖြစ်သော်လည်း မပေးပို့ခဲ့သော e-mail အတွက်လည်းကောင်း သင်အသုံးပြုသော
Internet နှင့် e-mail အတွက် ကျသင့်သော ကုန်ကျစရိတ်အတွက် လည်းကောင်း တာဝန်မရှိပေ။သင့်၌
Y-PAY သို့ မှန်ကန်သော e-mail လိပ်စာ ပေးရန်နှင့် ဤ e-mail ကို ပြောင်းလဲခြင်း(သို့)
ဖျက်သိမ်းခြင်းများဖြစ်လျှင် Y-PAY သို့ ချက်ချင်း အကြောင်းကြားနိုင်ရန် တာဝန်ရှိပါသည်။အကယ်၍
သင်သည် သင့် e-mail address ကို ပြောင်းလဲခြင်း(သို့) ဖျက်သိမ်းခြင်းတို့ ပြုလုပ်လျှင်
သင်အသုံးပြုမည့် Y-PAY Account e-mail အတွက် Y-pay ၀ffice သို့ချက်ချင်းဆက်သွယ်ရမည်ဖြစ်သည်။
7.https:
Y-Pay member များကို URL က https://www.ypay.com.mm နှင့် မစသောမည်သည့် စာမျက်နှာကိုမဆို
ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားသောကြောင့် Y-Pay website ၏ အစိတ်အပိုင်းဖြစ်သော Merchant
sites များတွင် https://www.ypay.com.mm မဟုတ်ပါက ၀င်ရောက်ခြင်းမပြုရန်တားမြစ်ပါသည်။
ဖော်ပြထားသည်။
8.No spam
သင်အနေနှင့် တရားမဝင် e-mail များပို့၍ Y-Pay customer များ၏ email address များကို
အသုံးမပြုရန် သဘောတူရမည်။ သင်သည် spam mail များကို အပိုဆုကြေးများ ရရှိရန်အတွက် အသုံးပြုခြင်းမပြုရန်
သဘောတူရပါမည်။
9.Password
သင်သည် သင်၏ account password ကိုထုတ်ဖော်ပြောဆိုခြင်း သို့ အခြားသူ၏ password ကို
အသုံးပြုခြင်းတို့ကို မပြုရပါ။ User များ၏ password များ မှားယွင်းကာ အသုံးပြုမှုများမှ
ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် Y-PAY မှ တာဝန်ရှိမည် မဟုတ်ပေ။
10.Hacking
အကယ်၍သင်သည် ငွေပေးချေခြင်းနှင့် ငွေလက်ခံခြင်း၊သင်၏ account ကိုစီမံဆောင်ရွက်ခြင်းတို့အပြင်
(ဝင်ရောက်စွက်ဖက်ခြင်း၊ hacking ပြုလုပ်ခြင်း သို့ လုံခြုံရေး နှင့် လုပ်ငန်းဝန်ဆောင်မှုများကို
ဖျက်ဆီးခြင်း)တို့ အတွက် ကျွန်ုပ်တို့၏ service ကို အသုံးပြုလျှင် (သို့) အသုံးပြုရန်
ကြိုးစားလျှင် သင်၏ account မှာ ကြိုတင်အသိပေးခြင်းမရှိပဲ ချက်ချင်းပင် ရပ်ဆိုင်းခံရခြင်း
ဖြစ်ပေါ်နိုင်သည်။ထို့ပြင် သင့် Account အား Black Lists အဖြစ် သတ်မှတ်ခြင်းနှင့် အခြားပြစ်ဒဏ်များ
(Electronic ဥပဒေဆိုင်ရာ စွဲချက်တင်ခြင်း အပါအ၀င်)များ ကို ပြုလုပ်ခံရနိုင်သည်။Y-PAY
သည် သင်၏ ဦးစွာခွင့်ပြုချက်မရှိပဲ သင်၏အချက်အလက်များကို သင်၏ လုပ်ငန်းဆောင်တာများနှင့်
ဆက်စပ်နေသော မည်သည့်သူကိုမဆို ထုတ်ဖော်ပြောဆိုနိုင်သော အခွင့်အရေးကို ဤ User Agreement
အောက်၌ သတိရှိစွာဖြင့် ချုပ်ကိုင်ထားသည်။သင်မှ Y-PAY ကြောင့် ဖြစ်ပေါ်သော ပျက်စီးမှုများ
၏ အစိတ်အပိုင်း (သို့) အားလုံးအတွက် Y-PAY မှနစ်နာကြေးတောင်းပိုင်ခွင့်မရှိပေ။
11.သတ်မှတ်ခြင်း
သင်အနေနှင့် ဤ agreement အောက်ရှိ မည်သည့် အခွင့်အရေး (သို့) တာဝန်များကို Y-Pay ၏
စာဖြင့်ရေးထားသော ခွင့်ပြုချက်မရှိပဲ ရွေ့ပြောင်းခြင်း မပြုရန် သဘောတူရပေမည်။ Y-Pay
သည် ဤ agreement အောက်ရှိ မည်သည့် အခွင့်အရေး(သို့) တာဝန်များကို သင်၏ခွင့်ပြုချက်မရှိပဲ
ရွှေ့ပြောင်းနိုင်သော အခွင့်အရေးရှိပါသည်။
12.ငွေပေးချေခြင်း။
Y-Pay Users -သင်အနေဖြင့် ဈေးဝယ်ယူခြင်း၊၀န်ဆောင်မှုအတွက် ငွေပေးချေခြင်းများ မပြုလုပ်မီ
Y-Pay မှ သတ်မှတ်ထားသော Terms & Agreements များအပြင် Merchant များ၏ Terms & Conditions
များကို သေချာစွာ ဖတ်ရူရန် လိုအပ်ပေသည်။ သင်သည် ဤလုပ်ငန်းစဉ်ကို သတ်မှတ်ထားသောအချိန်အတွင်း
ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။ ပယ်ဖျက်ခြင်းလိုပါက Y-Pay မှသတ်မှတ်ထားသော Cancellation
Form ကို အသုံးပြု၍ သတ်မှတ်ထားသော အချိန်အတွင်းပယ်ဖျက်နိုင်သည်။ မိမိပယ်ဖျက်လိုက်သော
လုပ်ငန်းစဉ် (Transaction)အတွက် ကျသင့်သော Y-Pay ၀န်ဆောင်ခကို User ဘက်မှကျခံရမည်ဖြစ်သည်။
13.ငွေလက်ခံခြင်း။
သင်အနေနှင့် ငွေလက်ခံမှု မပြုမီ Y-Pay မှ အသိအမှတ်ပြုထားသော Y-Pay Business Account
တစ်ခုရှိရန် လိုအပ်ပေသည်။Y-Pay တွင် Business Account ဖွင့်ထားသော Y-Pay Users သည်
အင်တာနက်ပေါ်မှ ဈေးရောင်းခြင်း၊ ၀န်ဆောင်မှု အတွက်ငွေလက်ခံခြင်းများကိုပြုလုပ်နိုင်သည်။Y-Pay
မှသတ်မှတ်ထားသော Policy များနှင့် Y-Pay နှင့် Merchant အကြားချုပ်ဆိုထားသော Agreement
များဖျောက်ဖျက်ခြင်းဖြစ်ပေါ်ပါက ငွေလက်ခံခြင်း မပြုလုပ်နိုင်သည့်အပြင် Account ပါပယ်ဖျက်ခြင်းဖြစ်ပေါ်နိုင်သည်။
14.Withdrawing money from Bank account
Bank မှငွေထုတ်ယူခြင်းကို လတစ်လ၏ တတိယအပတ်တွင်ထုတ်ယူနိုင်သည်။Y-Pay Business Account
Users (Merchant) များအနေဖြင့် ရောင်းချထားသော ထုတ်ကုန်(သို့) ၀န်ဆောင်မှု ကိုသတ်မှတ်ထားသော
အချိန်အတွင်း Product & Service Delivery ကိုအကြောင်းကြောင်းကြောင့် ပျက်ကွက်ခဲ့ပါက
ထိုပျက်ကွက်ခဲ့ သော Product & Service ၏ကျသင့်ငွေကို Bank Account မှထုတ်ယူနိုင်မည်မဟုတ်ပေ။
Merchant ဘက်မှ ပျက်ကွက်သော လုပ်ငန်းစဉ် (Transaction) အတွက် ကျသင့်သော Y-Pay ၀န်ဆောင်ခကို
Merchant ဘက်မှကျခံရမည်ဖြစ်သည်။